Monday, December 19, 2011

How to print webpage to pdf in firefox?

Firefox ကိုဖွင့်ပြီး ဒီ link ကိုနိုပ်လိုက်ပါ
ပြီးရင် allow ကိုနိုပ်ပြီး install လိုက်ပါ
firefox ကို restart ပြီးရင် သုံးနိုင်ပါပြီ

ဆောင်း(၁)

ရာသီဆောင်းလ ချမ်းလှပါဘိ
ချစ်သူအနား မရှိတာကြောင့်
ချမ်းအေး ဒဏ်ကို ကြံ့ကြံ့ခံဖို့
အားမရှိပါ
Sai Naw Harn

Sunday, December 18, 2011

အပြောင်းအလဲများနဲ့မီဒီယာ


“အရာအားလုံးဟာအမြဲတမ်းပြောင်းလဲနေကြတယ်” ဆိုတဲ့အဆိုစကားဟာ ပြောင်းလဲမှုတွေမရှိတာကြာပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတော်ကို တလှမ်းချင်းလှမ်းလာလို့နေပါပြီ။ ကျွန်တော်တို့နိုင်ငံဟာ ပြောင်းလဲမှုတွေမရှိဘဲ စစ်ဖိနပ်အောက်မှာအနင်းခံထားရတာ နှစ်ပေါင်း ၅၀ နီးပါးရှိခဲ့ပါပြီ။ သို့သော်လဲ အများသူငါသိကြတဲ့အတိုင်း ဦးသိန်းစိန်အစိုးရတက်လာပြီး အခုလက်တလောကာလမှာ အပြောင်းလဲလေးတွေတွေ့လာရပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ မေးခွန်းထုပ်မနေတော့ပါဘူး။ ဖြစ်ပေါ်လာတဲ့အပြောင်းလဲလေးတွေထဲမှာ မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့အပြောင်းအလဲလေးတွေလည်းပါဝင်လာပါတယ်။ အကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်လာတဲ့အပြောင်းအလဲလေးတွေပါ။

အားလုံးသိကြတဲ့အတိုင်း တိုင်းပြည်တပြည်မှာ မီဒီယာဆိုတဲ့အခန်းကဏ္ဍဟာ အင်မတန်မှကြီးလေးပြီး အရေးပါတဲ့နေရာကနေပါဝင်နေပါတယ်။ မီဒီယာက အစိုးရနဲ့ပြည်သူတွေကြား၊ ပြည်သူနဲ့ပြည်သူကြား၊ ပြည်သူနဲ့နိုင်ငံတကာကြား၊ နောက်ဆုံး လူတစ်ဦးနဲ့တစ်ဦးကြားမှာ နေ့စဉ်သတင်းရေးရာတွေကိုသယ်ယူပို့ဆောင်ပေးနေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ၊ ဥပဒေပြုရေးစတဲ့အဓိကမဏ္ဍိုင်ကြီးသုံးခုရဲ့နောက်မှာ စတုတ္ထမဏ္ဍိုင်အဖြစ် မဏ္ဍိုင်ကြီးသုံးခုနဲ့ ပြည်သူတွေကြားမှာလည်းရှိနေပြန်ပါတယ်။ ပြီးတော့သူ့ရဲ့တာဝန်ကသတင်းအချက်အလက်တွေဖြန့်ဖြူးဖို့အပြင် သူအပေါ်က မဏ္ဍိုင်ကြီးသုံးခုကိုလည်း စောင့်ကြည့်နေရပြန်ပါတယ်။ အစိုးရနဲ့ပြည်သူတွေကြားမှာ ပွင့်လင်းမြင်သာမှုကို တည်ဆောက်ပေးဖို့ရန်အတွက်မီဒီယာမှာလွတ်လပ်ဖို့လိုအပ်ပါတယ်။ အဲဒါမှသာ အစိုးရရဲ့လုပ်ရပ်တွေဟာ မှန်သလား မှားသလားဆိုတာ ပြည်သူတွေသိရှိနိုင်ပြီး ပြည်သူတွေရဲ့အမြင်သဘောထားအမှန်တွေကိုလည်း လွတ်လွတ်လပ်လပ် ဖေါ်ပြခွင့်ရနိုင်မှာပါ။ တကယ်လို့ တိုင်းပြည်တပြည်မှာ မီဒီယာလွတ်ခွင့်သာမရှိဘူးဆိုရင် အဲဒီပြည်သူတွေဟာ မျက်မမြင်၊ ဆွံ့အနားမကြားတွေနဲ့ထူးမခြားနားဖြစ်နေပါလိမ့်မည်။

ကျွန်တော်တို့တိုင်းပြည်မှာ ၁၉၆၂ မတိုင်ခင်ကဆိုရင် တရုတ်၊ ကုလား သတင်းစာတွေ      ထုပ်ဝေခွင့်ပေးတဲ့အထိတောင်လွတ်လပ်ခဲ့တယ်လို့ဆိုတဲ့မီဒီယာဟာ ၁၉၆၂ ကစပြီးလွတ်လပ်မှုမရှိသလောက်ဖြစ်နေခဲ့ပါတယ်။ အဲ… အခုတော့ပြောင်းလဲလာပါတယ်။ အရင်က ပြည်တွင်းမီဒီယာအားလုံးကို အစိုးရကချုပ်ကိုင်ထားပြီး အစိုးရရဲ့အာဘော်တွေကိုသာ ဖော်ပြထုတ်လွှင့်ခွင့်ပေးခဲ့တာပါ။ အခုတော့အစိုးရရဲ့အာဘော်ဖြန့်မှုတွေ ပျော့ပြောင်းညှင်သာလာပြီး အတိုက်အခံအာဘော်တွေနဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း အနည်းငယ်အပြုသဘောမျိုးတွေကို ရေးသားဖေါ်ပြခွင့်ပေးလာခဲ့ပါပြီး။ ဒါပေမယ့် အကန့်အသတ်တွေကများလွန်းနေသေးပါတယ်။ ဒါ့အပြင် အစိုးရရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကိုလည်း ပြည်တွင်းမှာဘယ်မီဒီယာကမှ ရေးသားပြောကြားခွင့်မရှိသေးပါဘူး။ ပြည်ပမှအတိုက်ခံမီဒီယာတွေကနေတဆင့်သာ ပြန်လည်ကြားသိရပါတယ်။ အကြောင်းအမျိုးမျိုးနဲ့အမှုဆင်ပြီး မတရားအကျည်းချထားတဲ့သတင်းထောက်တွေကိုလည်း ပြန်လည်လွတ်ပေးခြင်းမျိုးလည်းမရှိသေးပါဘူး။ လွှတ်တော်အစည်း အဝေးနဲ့အရေးကြီးတဲ့ထိပ်သီးအစည်းအဝေးတွေမှာလည်း သတင်းထောက်တွေသတင်းယူခွင့်မရှိသေးပါဘူး။ သတင်းယူခွင့်ပေးတာကလည်း အကန့်အသတ်နဲ့ မေးခွန်းတွေကိုကြိုတင်ပေးပို့ထားရပါတယ်။ သူတို့တွေ ဘာတွေကိုများကြိုတင်ပြင်ဆင်ချင်ပါလိမ့်နော်။

တကယ်ဆိုရင်အစိုးရရဲ့လုပ်ရပ်အမှန်အမှားတွေဟာ ပြည်သူတွေအပေါ်ကိုတိုက်ရိုက်အကျိုးသက်ရောက်ပါတယ်။ အဲဒါကြောင့် အစိုးရရဲ့လုပ်ရပ်တွေကို ပြည်သူတွေအမှန်တိုင်းသိခွင့်ရှိပြီး အမှားတွေမဖြစ်ရလေအောင် တားဆီးပိုင်ခွင့် အပြည့်အ၀ရှိပါတယ်။ လွတ်တော်အစည်းအဝေးလုပ်တယ်ဆိုတာဟာ တိုင်းပြည်အတွက်ပါ၊ သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို သွားပြောဆိုနေကြတာမဟုတ်ပါဘူး။ ပွင့်လင်းမြင်သာမှုရှိသင့်ပါတယ်။ တိုင်းပြည်မှာမီဒီယာလွတ်လပ်ခွင့်ဆိုတာက ဘယ် နိုင်ငံရေးစနစ်ကိုဘဲကျင့်သုံးနေပါစေ အဖျက်သဘောဆောင်တဲ့ ကျင့်ဝတ်ပျက် အတိုက်အခိုက်တွေကလွဲပြီး အဆုံးစွန်လွတ်လပ်သင့်ပါတယ်။

အဲဒါကြောင့် ကျွန်တော့အမြင်ပြောရရင် လက်ရှိအစိုးရရဲ့ပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွေအရ ပြောင်းလဲလားတဲ့ မီဒီယာလွတ်လပ်ခွင့်အပြောင်းအလဲတွေဟာ တကယ်တမ်းလွတ်လပ်သင့်တဲ့အတိုင်းအတာနဲ့ယှဉ်ရင်မပြောပလောက်သေးပါဘူး။ ပြီးတော့ အချိန်မရွေး ပြန်လည်ရုပ်သိမ်းသွားနိုင်ပါတယ်။ သို့သော်လဲအားလုံးကတော့ ပြုပြင်ပြောင်းလဲရေးအတွက်လိုအပ်တဲ့ အစရဲ့အစ လို့ပြောတာကိုတော့လက်ခံနိုင်ကြပါလိမ့်မယ်။ အစရဲ့အစကနေပြီးတော့ အစ ပြီးတော့ အဆုံးထိကိုဆက်သွားဖို့ကိုလည်း မျှော်လင့်နေကြပါလိမ့်မယ်။ လိုအပ်နေတဲ့ပြောင်းလဲမှုမျိုး ကျွန်တော်တို့နိုင်ငံကို ရောက်လာမလား ရောက်မလာဘူးလားဆိုတာကိုတော့…………။

(လက်ရှိဖြစ်ပေါ်လာတဲ့ မီဒီယာလွတ်လပ်ခွင့်အပြောင်းအလဲတွေအပေါ်ကို “ဘ၀ဆိုတာအားလပ်ရက်ရှည်ကြီးတစ်ခုဘဲ” လို့ တနင်္ဂနွေနေ့တစ်ရက်ထဲ ပန်းခြံထဲမှာအသက်ရှင်ရတဲ့ လိပ်ပြာလေးတစ်ကောင်ရဲ့အမြင်သဘောလောက်မျိုးနဲ့သာ ထင်မြင်ချက်ပေးထားပါကြောင်း)

ဖိုးထူး

ပထမဆုရ အမှား



ပြည့်ဝခြင်းတွေ ငတ်မွတ်လို့
ပညာရှာစားတဲ့ လူတယောက်
ခေတ်ကြီးကသူ့ကို ထမင်းမကျွေးဘူး။
ခံစားချက်တွေသုတေပြု
ချစ်ခြင်းနဲ့ကမ္ဘာကြီးခေါင်းစီးတပ် အစီရင်ခံစာ
သိပံ နဲ့ နည်းပညာက
ဆွေးနွေးခြင်းမရှိ ဗီတိုသုံးလိုက်တယ်။
နှလုံးသားမဲ့ ခံစားချက်မရှိတဲ့ သိပံ
စာတန်ကတောင် ပတ်စ်ပေးထားတယ်ဆိုပဲ။
အီဗော်လူးရှင်းအကြောင်းပြောရင်
ဖန်ဆင်းရှင် မျက်နှာငယ်ရမယ်၊
သို့တစေလည်း
သစ္စာမရှိတဲ့ ဆင့်ကဲဖြစ်စဉ်
ယုံကြည်ပါလို့ဘယ်သူ တာဝန်ခံမလ။ဲ
အထူးဆုစာရင်းမှာ
ခေတ်အဆက်ဆက် အကျိုးနဲ့အဆိုးဆိုပြီး
တစ်ဦးနဲ့တဦး
သစ္စာစောင့်သိတဲ့ရီလေးတစ်ဗတီ
၉၉မှတ်နဲ့ ထိပ်ဆုံးမှာထားမယ်။
အက်စစ်မိုးသည်း လွင်တီးခေါင်ထဲ
ပညာခေတ်ရဲ့ ခေတ်ပညာကို တလွဲသုံးလို့
သေဒဏ်ကျတဲ့ မျောက်တစ်ကောင်
နောင်တတွေကိုစာရင်းထုတ် မျက်နှာဖုံးလုပ်ပြီး
ထာဝရအသက် တောင်းခံနေတယ။်   
                                                                        ဖိုးထူး

Hack Fire Fox

သင့် firefox က address bar မှာ ဒီဟာ
chrome://browser/content/browser.xul
 သွားထည့်ကြည့်ပါ
အမြင်ထူးစေပါမယ်

မိုးကောင်းကင်ကြီးရယ်


ညို့ မှိုင်းနေတဲ့ မင်းကိုငါမြင်လိုက်ရတိုင်း
အလှမ်းတွေ ကွာဝေးနေရတဲ့
ငါတို့ ရဲ့ တောင်ပေါ်ဒေသဆီကို
အခါတိုင်းထက်ပိုပြီး သတိရနေခဲ့မိတယ်။
မေ့မရခြင်းတွေက များလို့ 
အပြေးပြန်သွားခဲ့ချင်ပေမဲ့လည်း
တာဝန်ဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှာ
ကျေပွန်ဖို့ ကြိုးစားနေရတဲ့ ငါ့အတွက်
စိတ်ကူးရုံသက်သက်ကလွဲလို့ 
ဖြစ်မလာနိုင်ခဲ့ဘူးလေ။
  ပစ္စုပ္ပန်ရဲ့ ဇယားတွေကိုဖြေရှင်း
ဆုံနိုင်ခြင်းတွေနှင့် ကေကွင်းနေရတာကြာလာလေလေ
တစ်ခါတစ်ခါဆို တမ်းတမှုတွေနှင့်မျက်ရည်လည်ရင်း
အိမ်လွမ်းသူ တစ်ယောက်ရဲ့  ရင်ခွင်နယ်ဟာ
မင်းလိုပဲလွမ်းဆွတ်ခြင်းတွေနဲ့ အတူ
သာယာမှုတွေကလည်းကင်းမဲ့နေခဲ့ပေါ့။
ဒါပေမဲ့ ခဏလေးအတွက်ပါပဲ
ညို့ မှိုင်းခြင်းတွေရဲ့ အဆုံသတ်မှာ
ကြွေကျလာတဲ့ မိုးရေစက်တွေကုန်သွားတော့လည်း
အလင်းတန်းတွေကို ပြန်လည်အသက်သွင်း
ကြည်လင်တဲ့ကောင်းကင်ကြီးဖြစ်လာဖို့ ဖန်ဆင်းရင်း
အဖြစ်သင့်ဆုံးဘ၀ရဲ့ ရည်မှန်းချက်ပဲ မဟုတ်လား
အဲ့ဒါကြောင့် မင်းကိုကြည့်ရင်းနားလည်
အနာဂတ်အတွက်အားငယ်စိတ်တွေကိုဖယ်လို့ 
ခြေလှမ်းသစ်တွေကို မာန်အပြည့်ထည့်
အောင်မြင်ခြင်းဆိုတဲ့ ပန်းတိုင်ဆီကိုခရီးဆက်ဖို့ 
မျှော်လင့်ချက် အလင်းတန်းတွေရဲ့ အောက်မှာပဲ
ငါ့အလွမ်းတွေကိုမှေးစက်နားခိုင်းလိုက်တော့မယ်ကွယ်။ 
By Si Noon

သံယောဇဉ်ကြိုး



သံယောဇဉ်နွံထဲကို
မရည်ရွယ်ဘဲ
မမျှော်လင့်ဘဲ
တရှိုက်မက်မက်
နူးညံ့သက်ဝင်စွာနဲ့
ကို...လှလှလေးပြုံးပြီး
ကျရှုံးနေပြီလေ။
တစ်ခါတစ်လေတော့
မျက်စိကိုမှိတ်
နားကိုပိတ်ပြီး
ကို.....ဖွဖွလေးတွေးမိတယ်
သံယောဇဉ်နွံ အကြောင်းပေါ့
ကို...နွံနစ်နေပြီလေ။
နစ်သထက်နစ်
အဆုံးစွန်းတစ်နေရာထိပေါ့...
ဘ၀ကို အလိုက်သင့်လေး
မျောလိုက်တာလဲ
သူ့်ကိုချစ်မိလို့ ပေါ့…..
By Si Noon

ချစ်ခဲ့ဖူးသည်




တစ်သက်တစ်ခါ ရင်မှပေါက်ဖွား
မေတ္တာများဖြင့် ရည်ရွယ်မြတ်နိုး
ချစ်ခဲ့ဖူးသည်......
နှစ်လကြာညောင်း ခါနွေပြောင်းလည်း
ရင်ဝယ်မမေ့ တမ်းတစွဲကာ
သစ္စာတည်ကြည် ချစ်ခဲ့ဖူးသည်....
သို့ ပါသော်လည်း ကျွန်မ့ချစ်ခြင်း
အပြစ်ကင်းစွာ ချစ်ပါသော်လည်း
သူ့ ရင်ခွင်၌ ကျွန်မမရှိ.....
သူပြောစကား ထပ်ကာကြားသည်
နင့်ကိုမချစ် မုန်းလည်းမမုန်း
သံယောဇဉ်သာ ရှိပါသည်တဲ့……..
By Si Noon

သူငယ်ချင်း……………..



ဘဝမှာ သူငယ်ချင်း ဆိုတာမရှိမဖြစ်ပါ...
အသွေးအရောင်တူမှ
အရွယ်တူမှ
ပုံစံတူမှ အမျိုးအစားတူမှ
သူငယ်ချင်းဖြစ်နိုင်တာမဟုတ်ပါဘူး
တူညီတဲ့ စိတ်ထားလေး တစ်ခုပဲရှိရုံနဲ့ 
တစ်သက်လုံးလက်တွဲ သွားနိုင်တယ်...

***********************************

တစ်ခါတစ်လေမှာ
သူငယ်ချင်းတွေနဲ့
အဆက်အသွယ်ဖြတ်ပြီး
ပုန်းနေခဲ့ဖို့ကြိုစားခဲ့တယ်

********************************

စိတ်ဓါတ်ကျ အားငယ်တဲ့
အချိန်မှာလည်း
သူငယ်ချင်းက ဘေးနားမှာ
အမြဲ ရှိနေတတ်တယ်

***********************************

ကိုယ့်ရဲ့ဦးတည်ရာ
မျှော်လင့်ချက်ကို
သူလည်းပဲလိုက်ပြီး
မျှော်လင့်ပေးတတ်သေးတယ်

***********************************

ကိုယ့်ဘဝလုံခြုံအောင်
စောင့်ရှောက်ပေးဖို့လည်း
အမြဲတမ်း အဆင်သင့်
ရှိနေတတ်သေးတယ်
ဘယ်သူ့ ကိုမှရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး။
ဘဝတစ်လျှောက်တွေ့ ခဲ့ရတဲ့သူငယ်ချင်းတွေ အားလုံးအတွက်ပါ။
ကျေးဇူပါပဲ သူငယ်ချင်းတို့ ရယ်။
မင်းတို့ကြောင့် ငါ့ဘဝဟာ ထင်သလောက်အထီးကျန်မဆန်ခဲ့
          
By Si Noon