မိတ်ဆွေ သင်လည်း သင့်အဖ လမ်းစဉ်အတိုင်း လျှောက် ပြီး ကမ္ဘာကို ကူညီမယ်ဆိုပေါ့
မင်းလေးလုပ်နေတဲ့ ပြောင်းလဲမူလမ်းစဉ် ကို ယုံကြည်လက်ခံတဲ့ သူအများစုရှိမှာပါ
အပျော်တမ်း စာရေးသူတယောက်အနေနဲ့ မင်းလေး ကို စကားလက်ဆောင်ပါးချင်ပါတယ်
မင်းလေး ကင်မရာ ရှေ့မှာ လှတပတလေး ပြင်ပြီး ကာရန်ညီ ဆဲလည်း လို ပြော ပြော နေတဲ့
ဒီမိုကရေစီအကြောင်း ကို လူအများလက်ခံကျင့် သုံးနိုင်ဖို့ထက် မင်းလေး အိမ်ထဲမှာ ကုန်လွန်တဲ့အချိန်အတွင်း
ပြည်သူပြည်သား တွေ သွေးချင်း တိုင်းရင်းသားတွေ ဘယ်အခြေအနေ ဘာကြောင်းကြောင့် ဘယ်လိုလုပ်ကိုင် နေထိုင် နေလဲ ဆိုတာ မင်း လေး အရင် နားလည်အောင်လုပ်ရမယ် မင်းလေး နားလည်အောင် ပြောရ ရင် Need Assessment လုပ်ရမယ်ပေါ့ မင်းလေးလည်းသိမှာပေါ့
၈၈၈၈ တုန်းက မင်းလေးအကျယ်ချူပ်အဖမ်းခံရတော့ ပြည်သူတွေ မျှော်လင့်ချက်မဲ့သွားသလို
ပြည်ထောင်စုမြန်မာနိုင်ငံကို မြန်မာနိုင်ငံလို့ပြင်လိုက်ကတည်းက တိုင်းရင်းသားတွေလည်း စိတ်အတော်ညစ်သွားမှာအမှန်ပဲ
နဂိုကတည်းက မင်းလေး တို့လူအများ စု ယုံကြည် ကိုးစားတဲ့ ငြိမ်းချမ်းရေးဖခင် မောင်မိုင်း ရဲ့ သေတမ်းစာကို ငါတို့ လူနည်းစုတိုင်းရင်းသားတွေဖတ်မိလို့ပေါ့ကွယ်
ခြေလမ်း တိုင်းမှာ ဘယ် လိုလျှိုကွက် တွေပါသွားလည်းဆိုတာသိခဲ့တာပေါ့
လွပ်လပ်ရေး အစစ်အမှန်မရလိုက်တာ ဘယ်သူ့လက်ချက်လည်း မင်းလေးသိမှာပါ
အဓိက ပြောချင်တာကတော့ ပင်လုံရဲ့အနှစ်သာရ ကို ပြန်ဖော် ပေး
ပင်လုံစိတ်ဓာတ်ပြန်လည်ရှင်သန် ထမြှောက်လုပ်ရမယ်
အရင်ကရှိဖူးခဲ့တဲ့ ဗမာတကျပ် ရှမ်းတကျပ် ဆိုတာတွေ ပြန်ရှိရမယ်
အခုဆို ဗမာ ငါးထောင် ရှမ်းငါးထောင် ဖြစ်မှာပေါ့ ကိစ္စတော့မရှိပါဘူး သုံးစားမရတဲ့ ပိုက်ဆံတွေ
ငါအခု အလုပ်လုပ်နေတာ ငါ့အလုပ်က မင်းလေးရဲ့ Action တွေကို စောင့်ကြည့်တဲ့အလုပ်ပေါ့
မင်းလေး သိထားဖို့က စောင့်ကြည့်တဲ့မျက်လုံးပေါင်းများစွာရှိတယ်ဆိုတာပဲ
မင်းလေး ရည်ရွယ်တောင်းတတဲ့ အားလုံးအတွက် ရည် ရွယ်ချက်အောင်မြင်ပါစေ
No comments:
Post a Comment