ငါ့ကိုဆွမ်းကျွေး ရွှေမျိုးများရဲ့
သားစဉ်မြေးဆက် မျက်မငယ်အောင်
အကျိုးဆောင်ဖို့ ငါ့မြို့ငါ့ရွာ
ငါ့နေရာမှ ငါလေခွဲခွါ
ပညာရှာခဲ့……..
ဒီအတွက်တက်လာ ငါ့ပညာကို
မလျှိုမသို နူတ်ချိုစွာဖြင့်
စိတ်ကို နှစ်ကာ သူတို့ခမျှာ
တတ်ပါစေသား တတ်စေသားဟု
နှလုံးပြုပြီး လုံးဝပြီးအောင်
အကျိုးဆောင်ကာ သင်ကြားပေးမှာ
အခမဲ့ပါ။
သို့သာပေမဲ့ တစ်ချို့ရက်မှာ
ပညာလာရှာ သူတို့တွေဟာ
မတတ်၏လည်း ထမင်းပွဲမှာ
မငတ်ပါဘူး ထိုစိတ်ကူးနှင့်
မဖြစ်စကစ် အကြောင်းသစ်ကို
ခွင့်ဆိုမတင် နုတ်ပင်မပြော
ဘာများဒေါထွက် ရက်စက်ဘိနော
ငါ့မနောမှာ တွေးလိုက်ပါလို
မျက်ရည်ချိုစို မငိုချင်ပေမယ့်
ခိုးဆင့်ကျတယ် တိုးဆင့်မနောဖြူ
ငါမငြူစူဘူး စိတ်ကူးထဲမှာ
သူ့(တို့) ရုပ်လွှာထင် မြင်အောင်ကြည့်ကာ
ကျန်းမာစေသားပျော်စေသားဟု
ဆုတောင်းပြုသည်
အမြဲလိုအင်ပြည့်ပါစေ
ဓမ္မ
No comments:
Post a Comment