Tuesday, September 18, 2012

ငါ့အမျိုးအတွက်



ငါ့ကိုဆွမ်းကျွေး ရွှေမျိုးများရဲ့
သားစဉ်မြေးဆက် မျက်မငယ်အောင်
အကျိုးဆောင်ဖို့ ငါ့မြို့ငါ့ရွာ
ငါ့နေရာမှ ငါလေခွဲခွါ
ပညာရှာခဲ့……..
ဒီအတွက်တက်လာ ငါ့ပညာကို
မလျှိုမသို နူတ်ချိုစွာဖြင့်
စိတ်ကို နှစ်ကာ သူတို့ခမျှာ
တတ်ပါစေသား တတ်စေသားဟု
နှလုံးပြုပြီး လုံးဝပြီးအောင်
အကျိုးဆောင်ကာ သင်ကြားပေးမှာ
အခမဲ့ပါ။
သို့သာပေမဲ့ တစ်ချို့ရက်မှာ
ပညာလာရှာ သူတို့တွေဟာ
မတတ်၏လည်း ထမင်းပွဲမှာ
မငတ်ပါဘူး ထိုစိတ်ကူးနှင့်
မဖြစ်စကစ် အကြောင်းသစ်ကို
ခွင့်ဆိုမတင် နုတ်ပင်မပြော
ဘာများဒေါထွက် ရက်စက်ဘိနော
ငါ့မနောမှာ တွေးလိုက်ပါလို
မျက်ရည်ချိုစို မငိုချင်ပေမယ့်
ခိုးဆင့်ကျတယ် တိုးဆင့်မနောဖြူ
ငါမငြူစူဘူး စိတ်ကူးထဲမှာ
သူ့(တို့) ရုပ်လွှာထင် မြင်အောင်ကြည့်ကာ
ကျန်းမာစေသားပျော်စေသားဟု
ဆုတောင်းပြုသည်
အမြဲလိုအင်ပြည့်ပါစေ
ဓမ္မ

Friday, April 6, 2012

Download Youtube to MP3

youtube ကို mp3 အဖြစ် download လုပ်ချင်ရင်တော့
ကိုယ်download လုပ်ချင်တဲ့ video ရဲ့ URL(link) ကို copy
ပြီးရင် http://video2mp3.net/ ကိုသွားပြီး
youtube လင့်ကို box ထဲ့ ထည့်ပြီး MP3အဖြစ် download နိုင်ပါတယ်.

အကောင့်မရှိပဲ မေးပို့ခြင်း

သုံးတတ်ရင်တော့ အသုံးဝင်ပါတယ်
မကောင်းတဲ့ နေရာတော့ မသုံးပါနဲ့ဗျာ
ဒီလင့် ကိုသွားပြီး http://emkei.cz/
ကိုပို့ချင်တဲ့ သူအကောင့်ကိုဖြည့်ပြီး ကိုယ့်အကောင့် အတုသဘောမျိုးနဲ့စာပို့နိုင်ပါတယ်

Monday, March 19, 2012

တောက်- ရင်နာလိုက်တာကွာ

တောက်- ရင်နာလိုက်တာကွာ

နွားတွေကွဲနေလို့
ကျားဆွဲခံရတာ
အဆန်းမှ မဟုတ်တာပဲ။


တရားရုံးမှာ
အပြိုင်အဆိုင် အမွေလုကြရင်း၊
ဘိုးဘွားပိုင်အမွေတွေ
တစထက်တစ
လျော့နည်းပပျောက်သွားတတ်တာ
အဆန်းမှ မဟုတ်တာပဲ။

သို့ပေမယ့်လေ----
ငါ့နယ်မြေ၊ သူ့နယ်မြေဆိုပြီး
ရှိပြီးသား မြေပုံပေါ်မှာ
အရေးအကြောင်းတွေကို
သွေးမှင်နဲ့ဆွဲကောင်းနေကြတုန်း၊
ခွေးအတွေက
မြေပုံရဲ့ အနားစလေးတွေကို
ဖဲ့စားပစ်လိုက်ကြတဲ့အခါ.....။


တမြေတည်းမွေးသူတွေ အချင်းချင်းကျတော့
မြေတလက်မ၊ အာဏာတပဲသားအတွက်
ဓားဆွဲကြ၊ သေနတ်ဆွဲကြ၊
နိုင်ငံတကာမျက်နှာစာမှာ
သူ့ဘက်၊ ကိုယ့်ဘက်ခွဲလို့
အပြိုင်အဆိုင်ဟစ်ကြနဲ့
လက်မနှေး၊ ပါးစပ်မနှေးကြသူတွေ၊
တိုင်းတပါးသားတွေက
ပြည်ပအချုပ်အခြာအာဏာကို
ထိပါးလာတာကျတော့
ခေါင်းကလေးတွေငုံ့လို့
ရေငုံနှုတ်ပိတ်နေကြတာကို
တွေ့မြင်လာရတဲ့အခါ...။


မြန်မာကိုနိုင်လေပြီလို့
ပြောဆိုသံတွေကို
အံကြိတ်ရင်း
နားထောင်လိုက်ရတဲ့အခါ....။


ဧည့်ခန်းထဲက
မဟာဗန္ဓုလ
ရုပ်ပုံလေးကိုတောင်
မကြည့်ရဲ၊ ကြည့်ရဲ
ဖြစ်လာသလိုလိုနဲ့
တောက်- ရင်နာလိုက်တာကွာ။

ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၂)

Thursday, March 15, 2012

အပြောင်းအလဲအစစ် အမှန်

မိတ်ဆွေ သင်လည်း သင့်အဖ လမ်းစဉ်အတိုင်း လျှောက် ပြီး ကမ္ဘာကို ကူညီမယ်ဆိုပေါ့
မင်းလေးလုပ်နေတဲ့ ပြောင်းလဲမူလမ်းစဉ် ကို ယုံကြည်လက်ခံတဲ့ သူအများစုရှိမှာပါ
အပျော်တမ်း စာရေးသူတယောက်အနေနဲ့ မင်းလေး ကို စကားလက်ဆောင်ပါးချင်ပါတယ်
မင်းလေး ကင်မရာ ရှေ့မှာ လှတပတလေး ပြင်ပြီး ကာရန်ညီ ဆဲလည်း လို ပြော ပြော နေတဲ့
ဒီမိုကရေစီအကြောင်း ကို လူအများလက်ခံကျင့် သုံးနိုင်ဖို့ထက် မင်းလေး အိမ်ထဲမှာ ကုန်လွန်တဲ့အချိန်အတွင်း
ပြည်သူပြည်သား တွေ သွေးချင်း တိုင်းရင်းသားတွေ ဘယ်အခြေအနေ ဘာကြောင်းကြောင့် ဘယ်လိုလုပ်ကိုင် နေထိုင် နေလဲ ဆိုတာ မင်း လေး အရင် နားလည်အောင်လုပ်ရမယ် မင်းလေး နားလည်အောင် ပြောရ ရင် Need Assessment  လုပ်ရမယ်ပေါ့ မင်းလေးလည်းသိမှာပေါ့
၈၈၈၈ တုန်းက မင်းလေးအကျယ်ချူပ်အဖမ်းခံရတော့ ပြည်သူတွေ မျှော်လင့်ချက်မဲ့သွားသလို
ပြည်ထောင်စုမြန်မာနိုင်ငံကို မြန်မာနိုင်ငံလို့ပြင်လိုက်ကတည်းက တိုင်းရင်းသားတွေလည်း စိတ်အတော်ညစ်သွားမှာအမှန်ပဲ
နဂိုကတည်းက မင်းလေး တို့လူအများ စု ယုံကြည် ကိုးစားတဲ့ ငြိမ်းချမ်းရေးဖခင် မောင်မိုင်း ရဲ့ သေတမ်းစာကို  ငါတို့ လူနည်းစုတိုင်းရင်းသားတွေဖတ်မိလို့ပေါ့ကွယ် 
ခြေလမ်း တိုင်းမှာ ဘယ် လိုလျှိုကွက် တွေပါသွားလည်းဆိုတာသိခဲ့တာပေါ့
လွပ်လပ်ရေး အစစ်အမှန်မရလိုက်တာ ဘယ်သူ့လက်ချက်လည်း မင်းလေးသိမှာပါ
အဓိက ပြောချင်တာကတော့ ပင်လုံရဲ့အနှစ်သာရ ကို ပြန်ဖော် ပေး
ပင်လုံစိတ်ဓာတ်ပြန်လည်ရှင်သန် ထမြှောက်လုပ်ရမယ်
အရင်ကရှိဖူးခဲ့တဲ့ ဗမာတကျပ် ရှမ်းတကျပ် ဆိုတာတွေ ပြန်ရှိရမယ်
အခုဆို ဗမာ ငါးထောင် ရှမ်းငါးထောင် ဖြစ်မှာပေါ့ ကိစ္စတော့မရှိပါဘူး သုံးစားမရတဲ့ ပိုက်ဆံတွေ
ငါအခု အလုပ်လုပ်နေတာ ငါ့အလုပ်က မင်းလေးရဲ့ Action တွေကို စောင့်ကြည့်တဲ့အလုပ်ပေါ့
မင်းလေး သိထားဖို့က စောင့်ကြည့်တဲ့မျက်လုံးပေါင်းများစွာရှိတယ်ဆိုတာပဲ
မင်းလေး ရည်ရွယ်တောင်းတတဲ့ အားလုံးအတွက် ရည် ရွယ်ချက်အောင်မြင်ပါစေ

Kony 2012

Who is Joseph Kony?

Joseph Kony is the world’s worst war criminal. In 1987 he took over leadership of an existing rebel group and renamed it the Lord’s Resistance Army (LRA).
The LRA has earned a reputation for its cruel and brutal tactics. When Joseph Kony found himself running out of fighters, he started abducting children to be soldiers in his army or “wives” for his officers. The LRA is encouraged to rape, mutilate, and kill civilians–often with blunt weapons.
The LRA is no longer active in northern Uganda (where it originated) but it continues its campaign of violence in Democratic Republic of Congo, Central African Republic, and South Sudan. In its 26-year history, the LRA has abducted more than 30,000 children and displaced at least 2.1 million people.

What is the goal of KONY 2012?

Invisible Children has been working for 9 years to end Africa’s longest-running armed conflict. U.S. military advisers are currently deployed in Central Africa on a “time-limited” mission to stop Kony and disarm the LRA. If Kony isn’t captured this year, the window will be gone.

We are taking action to ensure these two things:

1) That Joseph Kony is known as the World’s Worst War Criminal.
2) That U.S. and international efforts to stop Kony are bolstered with a more comprehensive strategy for disarmament, demobilization, and reintegration (DDR).

Why are we making Joseph Kony "famous"?

Invisible Children’s KONY 2012 campaign aims to make Joseph Kony famous, not to celebrate him, but to raise support for his arrest and set a precedent for international justice. In this case, notoriety translates to public support. If people know about the crimes that Kony has been committing for 26 years, they will unite to stop him.
Secondly, we want Kony to be famous so that when he is stopped, he will be a visible, concrete example of international justice. Then other war criminals will know that their mass atrocities will not go unnoticed or unpunished.
sources: http://www.kony2012.com/