Sunday, December 18, 2011

ပထမဆုရ အမှား



ပြည့်ဝခြင်းတွေ ငတ်မွတ်လို့
ပညာရှာစားတဲ့ လူတယောက်
ခေတ်ကြီးကသူ့ကို ထမင်းမကျွေးဘူး။
ခံစားချက်တွေသုတေပြု
ချစ်ခြင်းနဲ့ကမ္ဘာကြီးခေါင်းစီးတပ် အစီရင်ခံစာ
သိပံ နဲ့ နည်းပညာက
ဆွေးနွေးခြင်းမရှိ ဗီတိုသုံးလိုက်တယ်။
နှလုံးသားမဲ့ ခံစားချက်မရှိတဲ့ သိပံ
စာတန်ကတောင် ပတ်စ်ပေးထားတယ်ဆိုပဲ။
အီဗော်လူးရှင်းအကြောင်းပြောရင်
ဖန်ဆင်းရှင် မျက်နှာငယ်ရမယ်၊
သို့တစေလည်း
သစ္စာမရှိတဲ့ ဆင့်ကဲဖြစ်စဉ်
ယုံကြည်ပါလို့ဘယ်သူ တာဝန်ခံမလ။ဲ
အထူးဆုစာရင်းမှာ
ခေတ်အဆက်ဆက် အကျိုးနဲ့အဆိုးဆိုပြီး
တစ်ဦးနဲ့တဦး
သစ္စာစောင့်သိတဲ့ရီလေးတစ်ဗတီ
၉၉မှတ်နဲ့ ထိပ်ဆုံးမှာထားမယ်။
အက်စစ်မိုးသည်း လွင်တီးခေါင်ထဲ
ပညာခေတ်ရဲ့ ခေတ်ပညာကို တလွဲသုံးလို့
သေဒဏ်ကျတဲ့ မျောက်တစ်ကောင်
နောင်တတွေကိုစာရင်းထုတ် မျက်နှာဖုံးလုပ်ပြီး
ထာဝရအသက် တောင်းခံနေတယ။်   
                                                                        ဖိုးထူး

No comments:

Post a Comment