Sunday, December 18, 2011

`နိဒါန်းမဲ့ နိဂုံး´



အိမ်မက်တစ်ခုပါလို့ ငါကိုယ်ငါ ဖြေသိမ့်ခဲ့ရ
ငါရှာဖွေနေခဲ့တာပေါ့ အာဒမ်ရဲ့ နံရိုးလေး...
ဒီအချိန်မှာ `၀ုန်း´ခနဲလာဆောင့်
ဘယ်ဘက်ရင်အုံမှာ တော်တော်အောင့်သွားခဲ့
`
အချစ်´ ဖြူသလား၊ မဲသလား မကွဲပြားခင်
ငါ့နှလုံးသား မွမွကြေသွားခဲ့တယ်...
ငါဟာ ရှုံးနိမ့်သူ မဟုတ်ပါဘူး
ယှဉ်ပြိုင်ခွင့်တောင် မရခဲ့သူပါ...
ပိုင်ရှင်ရှိတဲ့ ပန်းတစ်ပွင့်ကို
နမ်းခွင့်တောင် မမျှော်ကိုးရဲ
အဝေးက တမ်းတလွမ်းနေရရုံပါပဲ...
`
အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်´ဆိုတဲ့
စာသား
ငါ့အတွက်တော့ မှားနေခဲ့...
တောင်ပံကျိုးပျက်ခဲ့တဲ့ ငှက်တစ်ကောင်အတွက်
သတိရခွင့်တောင် ရှိသေးရဲ့လား
မစဉ်းစားချင်တော့ဘူး...
  
By Si Noon

No comments:

Post a Comment